နွေဦးလေပြေဟာ
မျှော်လင့်ချက်တွေကို
ကြွေလွင့်ပျောက်ပျက်စေတယ်
အကြင်နာတရားကင်းမဲ့တဲ့
ကံကြမ္မာတရားက
အေးစက်စက်နွေလေရူးနှင့်အတူ
ရင်ထဲတိုးဝင်ကာ
ကိုယ့်မှာအကြင်နာတရားရှိမရှိ
ဘယ်သူသိမလဲ...
မျှော်လင့်ချက်တွေက ကြွေရွက်တွေလိုပဲ
လွင့်ပါးသွားကြတယ်.....
သန်းခေါင်ယံညရဲ့ လေပြေဟာ
အိမ်မက်တွေကို အထီးကျန်စေတယ်
အကြင်နာကင်းမဲ့တဲ့
အေးစက်စက် လမင်းကလည်း ဖြာကျလို့
အေးမြတဲ့လေပြေနဲ့အတူ
မျောလွင့်နေတဲ့ ကိုယ့်နှလုံးသားမှာ
ခံစားချက်ရှိမရှိ
ဘယ်သူသိမှာလဲ...
လူတွေက သစ်ရွက်ကြွေလိုပဲ
လွင့်ပါးသွားကြတယ်..............။
နက်ရှိုင်း(နန်းဇလိန်)