အကြင်နာကိုမြတ်နိုးသူ တစ်ယောက်အနေနှင့်
ပြန်တွေးကြည့်ပေးပါ.......
ရင်ထဲပြည့်နက်နေတဲ့အချစ်တွေနဲ့
မြတ်နိုးရတဲ့ မင်းရဲ့အပြုံးတွေကို
တမ်းတမက်မောခဲ့တဲ့ နှလုံးသားတစ်ခုရဲ့
ဆန္ဒတွေကိုမင်း တွေ့ရှိပါလိမ့်မယ်..........၊
နူးညံ့သိမ်မွေ့တဲ့နှလုံးသားထဲက
စာနာတတ်သူတစ်ယောက်အနေနှင့်
ပြန်တွေးကြည့်ပေးပါ..........
မဟူရာညရဲ့ အိပ်မက်ဆိုးတွေထဲက
ရုန်းမထွက်နိုင်ခဲ့သူတစ်ယောက်က
နတ်ပန်းချီရှုံးမယ့် မင်းရဲ့အပြုံးတွေကို
အာရုံထဲမှာအဖော်ပြု ရှင်သန်နေတယ်ဆိုတာ
မင်းမြင်တွေ့နိုင်ပါလိမ့်မယ်..........၊
နောက်ဆုံးအနေနဲ့ဖြစ်ဖြစ် တစ်ချက်လောက်တော့
နှလုံးသားနှင့် ပြန်တွေးကြည့်ပေးပါ..........
အရှုံးများစွာကို ရရှိပိုင်ဆိုင်ထားတဲ့
နာကျင်ကြေကွဲ နှလုံးသားရဲ့
အနက်ရှိုင်းဆုံး တစ်နေရာမှာ
ဘ၀တစ်ခုလုံးပုံပြီးတော့ မင်းကိုချစ်တဲ့အချစ်တွေ
ရှင်သန်နေဆဲဆိုတာကို မင်းတွေ့ရှိသွားခဲ့ရင်...
အချစ်ဆိုတာ ဘ၀ရဲ့အစိတ်အပိုင်းတစ်ခုဆိုပေမယ့်
ရှင်သန်ခြင်းရဲ့မျှော်လင့်ချက် ဘ၀နဲ့ထပ်တူ
မရှိမဖြစ်လိုအပ်တဲ့ နှလုံးသားရဲ့အတောင့်တဆုံးသော
လိုအင်ဆန္ဒဆိုတာ မင်းနားလည်လက်ခံနိုင်မှာပါ..........။
နက်ရှိုင်း(နန်ဇလိန်)၊၃၁.၈.၁၁၊နံနက်၅း၅၀။
Tuesday, August 30, 2011
Thursday, August 25, 2011
ပြန်လည်တမ်းတခြင်း
စွဲလမ်းခြင်းတွေက တစ်စတစ်စကြီးမားလာသည့်တိုင်
ပိုင်ရှင်မဲ့ခံစားချက်တွေက မသေချာမရေရာတဲ့
အရာတစ်ခုကို တမ်းတမျှော်လင့်ရင်း
မှုန်ဝါးဝါးအနာဂတ်ဆီကို ဒဏ်ရာတွေများစွာကို
ငါထမ်းပိုးရင်း ငါလျှောက်လှမ်းလာခဲ့ပြီ..........၊
တစ်ချိန်က တန်ဘိုးထားရကောင်းမှန်းငါမသိခဲ့တဲ့
ချစ်ခြင်းမေတ္တာတွေကို ဒီအချိန်မှာ
ငါတမ်းတစွာ ပြန်လိုချင်ခဲ့ပေမယ့်
ဘ၀ရဲ့ကန့်သတ်ချက်တွေကြား စည်းခြားမထားသည့်တိုင်
ရရှိပိုင်ဆိုင်ဖို့ ခက်ခဲနေလေတော့
ဟိုး...အဝေးမိုးမြင့်ဆီက ငွေလမင်းကိုငေးကြည့်ရင်း
ငါ့ကိုငါ နာကြည်းမုန်းတီးနေမိတယ်..........၊
တန်ပြန်သက်ရောက်မှုမရှိတဲ့ ခံစားချက်တွေက
ဘာသာမဲ့ရူးသွပ်ခြင်းတွေနဲ့ အက်စစ်ဝိုင်ပျစ်ပျစ်လို
ငါ့နှလုံးသားကို တဖြည်းဖြည်းခြင်းတိုက်စားနေလေတော့
နာကျင်စွာငါခံစားရင်း အတိတ်ရဲ့ပုံရိပ်တွေကို
မေ့ဖျောက်ပစ်ဖို့ ငါကြိုးစားခဲ့ပေမယ့်
အတိတ်ရဲ့လောင်းရိပ်အောက်က ယနေ့ထက်ထိ
ရုန်းမထွက်နိုင်ခဲ့ဘူး.........တကယ်ဆိုရင်
ငါ့အတွက်တော့ အချစ်ဆိုတာ
ခါးသက်သက်နေ့ရက်တွေကြားက စိတ်ကူးချိုချို
အတွေးပုံရိပ်တစ်ခုလိုပါပဲ ပိုင်ဆိုင်ခွင့်ဆိုတာလည်း
မှုန်ဝါးဝါးနဲ့မသေချာမရေရာတဲ့ မျှော်လင့်ချက်တစ်ခုလိုပဲပေါ့..........။
နက်ရှိုင်း(နန်းဇလိန်)
ပိုင်ရှင်မဲ့ခံစားချက်တွေက မသေချာမရေရာတဲ့
အရာတစ်ခုကို တမ်းတမျှော်လင့်ရင်း
မှုန်ဝါးဝါးအနာဂတ်ဆီကို ဒဏ်ရာတွေများစွာကို
ငါထမ်းပိုးရင်း ငါလျှောက်လှမ်းလာခဲ့ပြီ..........၊
တစ်ချိန်က တန်ဘိုးထားရကောင်းမှန်းငါမသိခဲ့တဲ့
ချစ်ခြင်းမေတ္တာတွေကို ဒီအချိန်မှာ
ငါတမ်းတစွာ ပြန်လိုချင်ခဲ့ပေမယ့်
ဘ၀ရဲ့ကန့်သတ်ချက်တွေကြား စည်းခြားမထားသည့်တိုင်
ရရှိပိုင်ဆိုင်ဖို့ ခက်ခဲနေလေတော့
ဟိုး...အဝေးမိုးမြင့်ဆီက ငွေလမင်းကိုငေးကြည့်ရင်း
ငါ့ကိုငါ နာကြည်းမုန်းတီးနေမိတယ်..........၊
တန်ပြန်သက်ရောက်မှုမရှိတဲ့ ခံစားချက်တွေက
ဘာသာမဲ့ရူးသွပ်ခြင်းတွေနဲ့ အက်စစ်ဝိုင်ပျစ်ပျစ်လို
ငါ့နှလုံးသားကို တဖြည်းဖြည်းခြင်းတိုက်စားနေလေတော့
နာကျင်စွာငါခံစားရင်း အတိတ်ရဲ့ပုံရိပ်တွေကို
မေ့ဖျောက်ပစ်ဖို့ ငါကြိုးစားခဲ့ပေမယ့်
အတိတ်ရဲ့လောင်းရိပ်အောက်က ယနေ့ထက်ထိ
ရုန်းမထွက်နိုင်ခဲ့ဘူး.........တကယ်ဆိုရင်
ငါ့အတွက်တော့ အချစ်ဆိုတာ
ခါးသက်သက်နေ့ရက်တွေကြားက စိတ်ကူးချိုချို
အတွေးပုံရိပ်တစ်ခုလိုပါပဲ ပိုင်ဆိုင်ခွင့်ဆိုတာလည်း
မှုန်ဝါးဝါးနဲ့မသေချာမရေရာတဲ့ မျှော်လင့်ချက်တစ်ခုလိုပဲပေါ့..........။
နက်ရှိုင်း(နန်းဇလိန်)
Monday, August 22, 2011
"မိန်းမမြတ်"
ချစ်ခြင်းမေတ္တာ ရင်ဝယ်ပြည့်လို့
ကရုဏာစိတ်ထား ဖြူစင်ခြင်းနှင့်
စာနာသနား ကြင်နာခြင်းတို့
မြစ်ဖျားခံရာ လူ့ပြည်လူ့ရွာ
လူ့သမိုင်းမှာ ကမ္ဗည်းတွင်သည့်
မြတ်သောစိတ်ထား မေတ္တာရှင်သည်
အားအင်နွဲ့နှောင်း ကာယခွန်အား
ချို့တည့်သော်ငှါး မကြောက်မရွံ့
မစိုးမရိမ် မညည်းတွားပဲ
ရင်ဆိုင်ကျော်လွှား လောကဓံတရား.....
စောင့်ထိန်းသီလ မဖောက်မပြား
ကျစ်လစ်ဆင်ခြင် နေထိုင်ခြင်းက
မြတ်သောစိတ်ထား သိမ်မွေ့ခြင်းနှင့်
မြတ်သောသစ္စာ တည်မြဲခြင်းတို့
ပြီးပြည့်စုံကြောင်း ဖော်ကျူးလေ၏.....၊
ဘယ်အရာမျှ တုနှိုင်းမမှီ
ချစ်သား(သ္မီး)တို့၏ ချစ်မေတ္တာရှင်
မွေးမိခင်အား မိန်းမမြတ်ဟု
မခေါ်ဆိုလျှင် လူ့ပြည်လူ့ရွှာ
လူ့လောကတွင် အဘယ်သူသည်
ပုဂ္ဂိုလ်မြတ်ဟု ခေါ်ဆိုအံ့နည်း..........။
နက်ရှိုင်း(နန်ဇလိန်)၂၃၊၈၊၁၁၊နံနက်၎း၃၀
ကရုဏာစိတ်ထား ဖြူစင်ခြင်းနှင့်
စာနာသနား ကြင်နာခြင်းတို့
မြစ်ဖျားခံရာ လူ့ပြည်လူ့ရွာ
လူ့သမိုင်းမှာ ကမ္ဗည်းတွင်သည့်
မြတ်သောစိတ်ထား မေတ္တာရှင်သည်
အားအင်နွဲ့နှောင်း ကာယခွန်အား
ချို့တည့်သော်ငှါး မကြောက်မရွံ့
မစိုးမရိမ် မညည်းတွားပဲ
ရင်ဆိုင်ကျော်လွှား လောကဓံတရား.....
စောင့်ထိန်းသီလ မဖောက်မပြား
ကျစ်လစ်ဆင်ခြင် နေထိုင်ခြင်းက
မြတ်သောစိတ်ထား သိမ်မွေ့ခြင်းနှင့်
မြတ်သောသစ္စာ တည်မြဲခြင်းတို့
ပြီးပြည့်စုံကြောင်း ဖော်ကျူးလေ၏.....၊
ဘယ်အရာမျှ တုနှိုင်းမမှီ
ချစ်သား(သ္မီး)တို့၏ ချစ်မေတ္တာရှင်
မွေးမိခင်အား မိန်းမမြတ်ဟု
မခေါ်ဆိုလျှင် လူ့ပြည်လူ့ရွှာ
လူ့လောကတွင် အဘယ်သူသည်
ပုဂ္ဂိုလ်မြတ်ဟု ခေါ်ဆိုအံ့နည်း..........။
နက်ရှိုင်း(နန်ဇလိန်)၂၃၊၈၊၁၁၊နံနက်၎း၃၀
Saturday, August 20, 2011
သူငယ်ချင်း...ဆိုတာ........
ဘ၀ရဲ့ အလှည့်အပြောင်းတစ်ခုမှာ
ခဏလေးပဲဖြစ်ဖြစ် တွေ့ဆုံခင်မင်ခဲ့ရတဲ့
အဖြူစင်ဆုံးနဲ့အရိုးသားဆုံး သူငယ်ချင်းဆိုတာ...
ထာဝရအမှတ်ရစရာ အမှတ်တရစိတ်ခံစားမှုတစ်ခုပေါ့၊
တွေ့ဆုံကြုံခွဲ လောကရဲ့ဓမ္မတာတရားတွေမှာ
စီးမျောရင်း တွေ့ဆုံခင်မင်ခဲ့ရတဲ့ သူငယ်ချင်းများစွာကို
သမုဒယငြိတွယ်စရာ အနက်ရှိုင်းဆုံး
တို့တတွေရဲ့ နှလုံးသားထဲမှာ အမြဲလိုမဟုတ်တောင်
တစ်ခါတစ်လေ တိုက်ဆိုင်မှုလေးတွေရှိတိုင်း
တမ်းတသတိရနေကြမယ်ဆိုတာ...
လူတိုင်းလက်ခံနိုင်လိမ့်မယ်ထင်ပါရဲ့၊
အပြောင်းလဲများတဲ့ လူ့လောကမှာ
ရပ်ဝေးနယ်ခြား ဝေးနေငှါးလည်း
တစ်ချိန်ကခင်မင်ခဲ့ရတဲ့ သူငယ်ချင်းများစွာကို
သတိရကြောင်း ခင်နေကြောင်းကို
တို့သိစေချင်..........၊
ဘာတွေဘယ်လိုပဲ ပြောင်းလဲပါစေ
အနိုင်ယူလိုစိတ်နဲ့ မနာလိုအငြိုးအတီးမရှိတဲ့
အဖြူစင်ဆုံးရိုးသားခဲ့တဲ့ သူငယ်ချင်းဆိုတာ...
ခင်မင်မှုများမွေးဖွားရာ
ကြည်နူးစရာချစ်ခြင်းမေတ္တာတွေများစွာရဲ့ စုဝေးရာ
ပြောင်းလဲခြင်းမရှိတဲ့ သံယောဇဉ်တွေနဲ့
ပြည့်နက်နေတဲ့ နှလုံးသားပြတိုက်တစ်ခုပေါ့၊
ထာဝရဝေးကွာသွားမဲ့ ဘ၀ရဲ့အဆုံးသတ်ချိန်ထိ
အတူတူရှိနေကြဖို့ဆိုတာ မဖြစ်နိုင်ပေမယ့်
ခင်မင်မှုများမေ့မသွား တို့တတွေရဲ့ရင်ထဲမှာ
ထာဝရ ရဲ့ ထာဝရ ကိန်းအောင်းနေမယ်ဆိုတာ
ဖြူစင်၊ရိုးသားမှုတွေရဲ့ စတင်ဖြစ်တည်ရာ
"သူငယ်ချင်း"ဆိုတဲ့ စကားလုံးရဲ့
ပြည့်စုံခြင်း သက်သေပေါ့...။
နက်ရှိုင်း(နန်းဇလိန်)၊၂၀.၈.၁၁၊နံနက်၎း၃၀
ခဏလေးပဲဖြစ်ဖြစ် တွေ့ဆုံခင်မင်ခဲ့ရတဲ့
အဖြူစင်ဆုံးနဲ့အရိုးသားဆုံး သူငယ်ချင်းဆိုတာ...
ထာဝရအမှတ်ရစရာ အမှတ်တရစိတ်ခံစားမှုတစ်ခုပေါ့၊
တွေ့ဆုံကြုံခွဲ လောကရဲ့ဓမ္မတာတရားတွေမှာ
စီးမျောရင်း တွေ့ဆုံခင်မင်ခဲ့ရတဲ့ သူငယ်ချင်းများစွာကို
သမုဒယငြိတွယ်စရာ အနက်ရှိုင်းဆုံး
တို့တတွေရဲ့ နှလုံးသားထဲမှာ အမြဲလိုမဟုတ်တောင်
တစ်ခါတစ်လေ တိုက်ဆိုင်မှုလေးတွေရှိတိုင်း
တမ်းတသတိရနေကြမယ်ဆိုတာ...
လူတိုင်းလက်ခံနိုင်လိမ့်မယ်ထင်ပါရဲ့၊
အပြောင်းလဲများတဲ့ လူ့လောကမှာ
ရပ်ဝေးနယ်ခြား ဝေးနေငှါးလည်း
တစ်ချိန်ကခင်မင်ခဲ့ရတဲ့ သူငယ်ချင်းများစွာကို
သတိရကြောင်း ခင်နေကြောင်းကို
တို့သိစေချင်..........၊
ဘာတွေဘယ်လိုပဲ ပြောင်းလဲပါစေ
အနိုင်ယူလိုစိတ်နဲ့ မနာလိုအငြိုးအတီးမရှိတဲ့
အဖြူစင်ဆုံးရိုးသားခဲ့တဲ့ သူငယ်ချင်းဆိုတာ...
ခင်မင်မှုများမွေးဖွားရာ
ကြည်နူးစရာချစ်ခြင်းမေတ္တာတွေများစွာရဲ့ စုဝေးရာ
ပြောင်းလဲခြင်းမရှိတဲ့ သံယောဇဉ်တွေနဲ့
ပြည့်နက်နေတဲ့ နှလုံးသားပြတိုက်တစ်ခုပေါ့၊
ထာဝရဝေးကွာသွားမဲ့ ဘ၀ရဲ့အဆုံးသတ်ချိန်ထိ
အတူတူရှိနေကြဖို့ဆိုတာ မဖြစ်နိုင်ပေမယ့်
ခင်မင်မှုများမေ့မသွား တို့တတွေရဲ့ရင်ထဲမှာ
ထာဝရ ရဲ့ ထာဝရ ကိန်းအောင်းနေမယ်ဆိုတာ
ဖြူစင်၊ရိုးသားမှုတွေရဲ့ စတင်ဖြစ်တည်ရာ
"သူငယ်ချင်း"ဆိုတဲ့ စကားလုံးရဲ့
ပြည့်စုံခြင်း သက်သေပေါ့...။
နက်ရှိုင်း(နန်းဇလိန်)၊၂၀.၈.၁၁၊နံနက်၎း၃၀
Thursday, August 18, 2011
ချိုသောချစ်ခြင်းဒဏ်ရာ
လူတွေအားလုံးရူးသွပ်လို့နေတယ်
ဒါဟာ အချစ်ကြောင့်လို့ဆိုပေမယ့်
အနာဂါတ်တွေကိုခဏမေ့ထားပြီး
အချစ်အကြောင်းကိုတွေးလို့
စိတ်ကြည်နူးနေကြတာလည်း
ဘ၀ရဲ့အနှစ်သာရတစ်ခုလို့ဆိုရမှာပါ၊
ရှုံးနိမ့်ခြင်းတွေကို ငါငြီးငွေ့လွန်းပြီ
အဖော်မဲ့တဲ့ဘ၀ရဲ့ ခါးသက်သက်
နေ့ရက်တွေကိုလည်း ငါနာကြဉ်းလွန်းပြီ
လိုအပ်တဲ့အချစ်တစ်ခု တကယ်ငါတောင့်တနေမိတယ်
ရာဇ၀င်တွင်မယ့် အချစ်တစ်ခုမဟုတ်တောင်မှ
ထပ်တူညီတဲ့ တန်ပြန်သက်ရောက်မှုတွေနဲ့
တည်မြဲတဲ့ အချစ်တစ်ခုပေါ့၊
အဖော်မဲ့တဲ့ အလွမ်းနေ့ရက်တွေ
အဆုံးမသတ်နိုင်သေးတဲ့ဘ၀မှာ
ငါ မျှော်လင့်ရင်း အသက်ဆက်ရှင်သန်နေမယ်
ကံကြမ္မာရယ် နာကျင်စရာ ဒဏ်ရာဒဏ်ချက်
သိပ်များလွန်းတဲ့ ငါ့ဘ၀မှာ
နောက်ထပ်အလွမ်းတွေ မပေးပါနဲ့တော့
အချစ်မရှိတော့လို့ ပျော်စရာအချိန်တွေ
ပျောက်ဆုံးသွားရင်လည်း ဟိုအရင်
အတူပျော်ရွှင်ဖူးတဲ့နေ့ရက်တွဆီ
ကြည်နူးစွာ ကိုယ်ပြန်တွေးရင်း..........
ဖန်ဆင်းလို့မရသလို ဖျက်ဆီးလို့လည်းမရတဲ့
အချစ်တွေကို ခုံမင်တပ်မက်စွာ ငါထွေးပိုက်ရင်း.........
ချိုသောချစ်ခြင်းဒဏ်ရာတွေနဲ့
တိမ်တိုက်များကိုကြည့်ရင်း...အချစ်ကြောင်းကိုတွေးနေမယ်၊
အချစ်နဲ့အတွေ့ ဘ၀တစ်ကွေ့မှာ
ဒူးထောက်အရှုံးတွေနဲ့ကြုံရသူအဖို့
အချစ်ဆိုတာ ပုံပြင်လေးတစ်ပုဒ်လိုပဲ
မှောင်ရီညဥ့်ရဲ့ နိုးတစ်ဝက်အိပ်မက်မှာ
ချိုလွင်တဲ့ အချစ်ဆုံးရဲ့ ရီသံတိုးတိုးကိုကိုယ်ကြားနေရပေမယ့်
ဟိုး...အဝေးက ငွေကြယ်ပွင့်လို
တစ်သက်လုံးဝေး အချစ်များစွားကို
နာကျင်စွာ ပြန်တွေးရင်း
ငါ့မှာ တစ်ယောက်တည်း
အဖော်မဲ့မိုးကောင်ကင်အောက်မှာ
ချိုသောချစ်ခြင်းဒဏ်ရာတွေနဲ့ပေါ့...........။
နက်ရှိုင်း(နန်ဇလိန်)၄.၈.၁၁၊၄း၄၄နံနက်
ဒါဟာ အချစ်ကြောင့်လို့ဆိုပေမယ့်
အနာဂါတ်တွေကိုခဏမေ့ထားပြီး
အချစ်အကြောင်းကိုတွေးလို့
စိတ်ကြည်နူးနေကြတာလည်း
ဘ၀ရဲ့အနှစ်သာရတစ်ခုလို့ဆိုရမှာပါ၊
ရှုံးနိမ့်ခြင်းတွေကို ငါငြီးငွေ့လွန်းပြီ
အဖော်မဲ့တဲ့ဘ၀ရဲ့ ခါးသက်သက်
နေ့ရက်တွေကိုလည်း ငါနာကြဉ်းလွန်းပြီ
လိုအပ်တဲ့အချစ်တစ်ခု တကယ်ငါတောင့်တနေမိတယ်
ရာဇ၀င်တွင်မယ့် အချစ်တစ်ခုမဟုတ်တောင်မှ
ထပ်တူညီတဲ့ တန်ပြန်သက်ရောက်မှုတွေနဲ့
တည်မြဲတဲ့ အချစ်တစ်ခုပေါ့၊
အဖော်မဲ့တဲ့ အလွမ်းနေ့ရက်တွေ
အဆုံးမသတ်နိုင်သေးတဲ့ဘ၀မှာ
ငါ မျှော်လင့်ရင်း အသက်ဆက်ရှင်သန်နေမယ်
ကံကြမ္မာရယ် နာကျင်စရာ ဒဏ်ရာဒဏ်ချက်
သိပ်များလွန်းတဲ့ ငါ့ဘ၀မှာ
နောက်ထပ်အလွမ်းတွေ မပေးပါနဲ့တော့
အချစ်မရှိတော့လို့ ပျော်စရာအချိန်တွေ
ပျောက်ဆုံးသွားရင်လည်း ဟိုအရင်
အတူပျော်ရွှင်ဖူးတဲ့နေ့ရက်တွဆီ
ကြည်နူးစွာ ကိုယ်ပြန်တွေးရင်း..........
ဖန်ဆင်းလို့မရသလို ဖျက်ဆီးလို့လည်းမရတဲ့
အချစ်တွေကို ခုံမင်တပ်မက်စွာ ငါထွေးပိုက်ရင်း.........
ချိုသောချစ်ခြင်းဒဏ်ရာတွေနဲ့
တိမ်တိုက်များကိုကြည့်ရင်း...အချစ်ကြောင်းကိုတွေးနေမယ်၊
အချစ်နဲ့အတွေ့ ဘ၀တစ်ကွေ့မှာ
ဒူးထောက်အရှုံးတွေနဲ့ကြုံရသူအဖို့
အချစ်ဆိုတာ ပုံပြင်လေးတစ်ပုဒ်လိုပဲ
မှောင်ရီညဥ့်ရဲ့ နိုးတစ်ဝက်အိပ်မက်မှာ
ချိုလွင်တဲ့ အချစ်ဆုံးရဲ့ ရီသံတိုးတိုးကိုကိုယ်ကြားနေရပေမယ့်
ဟိုး...အဝေးက ငွေကြယ်ပွင့်လို
တစ်သက်လုံးဝေး အချစ်များစွားကို
နာကျင်စွာ ပြန်တွေးရင်း
ငါ့မှာ တစ်ယောက်တည်း
အဖော်မဲ့မိုးကောင်ကင်အောက်မှာ
ချိုသောချစ်ခြင်းဒဏ်ရာတွေနဲ့ပေါ့...........။
နက်ရှိုင်း(နန်ဇလိန်)၄.၈.၁၁၊၄း၄၄နံနက်
Sunday, August 14, 2011
ချစ်ညီမလေးသို့..........ပေးစာ။
ညီမလေးရေ.....
အမှန်တရားရဲ့အသီးကချိုတယ်
ရေသောက်မြှစ်ကခါးတယ်တဲ့
နာကျင်ခါးသီးမှုတွေနှင့် ခက်ခဲ
ကြမ်းတမ်းမှုများစွာကြားက
ညီမလေး ကြိုးစားခဲ့သမျှတစ်နေ့မှာ
ချိုမြိန်တဲ့အသီးတွေ သီးလာမယ်ဆိုတာ
ညီမလေးယုံကြည်ပါ။
ညီမလေးရေ..........
ဘ၀ကြမ္မာနွံထဲမှာ
ဇာတ်ဆရာရဲ့ခိုင်းသမျှလုပ်ဖို့သာ
ဆိုပြီးတော့ မတွေးလိုက်ပါနဲ့
ညီမလေးကို စိတ်ဓာတ်ပျော့ညံ့တဲ့
မိန်မညံ့ မဖြစ်စေချင်လို့ပါ။
ညီမလေးရေ..........
မထင်မရှားခူယားကောင်လေးတွေတောင်မှ
လိပ်ပြာလေးတွေအဖြစ်ပြောင်းလဲလို့
ကမ္ဘာမှာ လှပတဲ့ရောင်စုံပန်းလေးတွေ
ဖူးပွင့်လာအောင် အကောင်းဆုံး
စွမ်းဆောင်နိုင်ခဲ့သေးတာပဲ
ခူယားကောင်လေးတွေထက်စာရင်
ညီမလေးက ဘယ်လောက်ပိုပြီးတော့
စွမ်းဆောင်နိုင်မလဲဆိုတာ...
ညီမလေးနားလည်သဘောပေါက်ပါတယ်နော်။
ညီမလေးရေ..........
ပတ်ဝန်ကျင်ရဲ့ အတင်းအဖျင်းတွေကြားထဲမှာ
စိတ်ညစ်နေမလား.......?
စိတ်ပဲညစ်ပါ စိတ်ဓာတ်တော့မကျစေနဲ့ပေါ့
ညီမလေးကို ပြောပြမယ်
တော်သလင်းညအူသံတွေကြောင့်
ဘယ်ပန်းမှရနံ့ပြယ်ရိုးမရှိဘူးတဲ့
ညီမလေး သဘောပေါက်ပါတယ်နော်။
ညီမလေးရေ..........
ရိုးသားမှုတွေ မြေမှာခလို့
စာနာမှုတွေ ပျောက်ဆုံးနေတဲ့
ဒီလောကကြီထဲမှာ ယူရုံပဲယူတတ်ကြတဲ့
လူတွေရဲ့ကြား ရှင်သန်နေရတဲ့
ညီမလေးရဲ့ဘ၀မှာ အရာရာကို
စဉ်းစား ချင့်ချိန်ပြီးမှ ဆုံးဖြတ်ပါ
ဘယ်ကစ္စမဆိုပေါ့
ညီမလေး ပေးဆပ်ခဲ့သမျှ
ဘာမှပြန်မရတဲ့အခါ
ညီမလေး ငိုနေရမှာဆိုးလို့ပါ။
ညီမလေးရေ..........
ဆုံးရှုံးပြီး ဘာမှပြန်မရနိုင်တော့တဲ့
လောကဓံတရားတွေကြားထဲမှာ
ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့
မကြုံတွေ့ရလေအောင်
အစစအရာရာမှာ သတိဝီရိယရှိပါ
တစ်ကွက်မှားလို့ တစ်ပွဲလုံးရှုံး
ဆိုတဲ့အဖြစ်မျိုး ညီမလေးကြုံမှာဆိုးလို့ပါ။
ညီမလေးရေ.........
ဘ၀မှာ ဖြစ်ချင်တဲ့စိတ်ဆန္ဒတွေ
မပြည့်ဝတဲ့အခါမျိုးမှာ
ဝမ်းမနည်းနဲ့ စိတ်ဓာတ်လည်းမကျပါနဲ့
ဖြစ်ချင်တာက ဆန္ဒ ဖြစ်နေတာက ဘ၀ တဲ့
ရလိုမှုနှင့် ရရှိမှုအမြဲတမ်း
ထပ်တူညီတဲ့ ဘ၀မျိုး
လူ့လောကကြီးထဲမှာ ရှိမှမရှိတာ
ညီမလေးလည်း အသိပဲလေ...
ဒါပေမဲ့ ကြိုးစားတဲ့သူတွေအတွက်
အောင်မြင်မှုဆိုတာ လက်တစ်ကမ်းအလိုမှာ
ရှိတယ်ဆိုတာ မမေ့နဲ့ပေါ့။
ညီမလေးရေ..........
စက္ကန့်နှင့်အမျှ ပြောင်းလဲနေတဲ့
လူ့လောကကြီးထဲမှာ...
အခြေအနေနဲ့ အချိန်အခါအလိုက်
ညီမလေးလည်း ပြောင်းလဲနေတယ်ဆိုတာ
သတိပြုမိရဲ့လား အကောင်းထက်
အဆိုးပိုများမယ့် ညီမလေးပတ်ဝန်ကျင်ရဲ့
အပြောင်းအလဲတွေကြားထဲ
နူးညံ့သိမ်မွေ့ပြီး ဖြူစင်ရိုးသားတဲ့
ညီမလေးရဲ့ဘ၀ ထိခိုက်နစ်နာသွာမှာဆိုးလို့ပါ။့
ညီမလေးရေ..........
လွယ်လွယ် အမြင့်ရောက်သွားတဲ့
ဆပ်ပြာပူဖေါင်းတွေရဲ့တန်ဘိုးထက်
ကိုယ်ပိုင်တောင်ပံတွေနဲ့ မီးထဲ
တိုးဝင်သွားတဲ့ ဖူးဖလံတွေရဲ့
ရှုံးနိမ့်မှုက ပိုပြီးတော့အဓိပ္ပယ်ရှိတယ်တဲ့
လက်ခံနုင်ရဲ့လား...သေချာစဉ်းစားကြည့်ပါ
ညီမလေးကို ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့
ကိုယ့်အရည်အချင်းနှင့်ကိုယ် ဘ၀ကို
ရဲရဲရင့်ရင့်ရင်ဆိုင်ရဲတဲ့ မိန်းမမြတ်ဖြစ်စေချင်လို့ပါ။
နက်ရှိုင်း(နန်ဇလိန်)
Saturday, August 13, 2011
လိပ်ပြာသမိုင်း
ညီမလေးရေ..........
"အမှန်တရားရဲ့အသီးကချိုတယ်
ရေသောက်မြှစ်ကခါးတယ်လို့"
စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်
ဝမ်းတွင်းစုန်းတွေ လေချွန်နေကြပါစေ
တော်သလင်းညအူသံတွေကြောင့်
ဘယ်ပန်းမှ ရနံ့ပြယ်ရိုးမရှိဘူး
အလင်းမပြန်တဲ့ ကြေးမုံတွေကို
ပြဒါးလက်အောင် ဖွပ်မနေပါနဲ့
အီကွေတာ ရာသီအောက်မှာ
ရေခဲမြစ်တွေမှ မရှိတာ.............၊
ညီမလေးရေ..........
လွယ်လွယ်အမြင့်ရောက်သွားတဲ့
ဆပ်ပြာပူဖောင်းတွေရဲ့တန်ဘိုးထက်
ကိုယ်ပိုင်တောင်ပံနဲ့ မီးထဲတိုးဝင်သွားတဲ့
ပိုးဖလံတွေရဲ့ ရှုံးနိမ့်မှုကပိုပြီးတော့
အဓိပ္ပာယ်ရှိကြောင်းကို
ဆပ်ပြာပူဖောင်းကုန်သယ်တွေကို
ရှင်းမပြသင့်ဘူး..........၊
ညီမလေးရေ...........
ကမ္ဘာမှာ ပန်းတချို့ပွင့်ဖို့
စွမ်းသလောက် တာဝန်ကျေတဲ့
လိပ်ပြာလေးတွေဆိုတာ....
နုံချာချာကာလတွေကိုပေပြီး
ရင်ဆိုင်ခဲ့ကြတဲ့ မထင်မရှား
ခူယားကောင်လေးတွေပါ...........။
နက်ရှိုင်း(နန်းဇလိန်)
"အမှန်တရားရဲ့အသီးကချိုတယ်
ရေသောက်မြှစ်ကခါးတယ်လို့"
စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်
ဝမ်းတွင်းစုန်းတွေ လေချွန်နေကြပါစေ
တော်သလင်းညအူသံတွေကြောင့်
ဘယ်ပန်းမှ ရနံ့ပြယ်ရိုးမရှိဘူး
အလင်းမပြန်တဲ့ ကြေးမုံတွေကို
ပြဒါးလက်အောင် ဖွပ်မနေပါနဲ့
အီကွေတာ ရာသီအောက်မှာ
ရေခဲမြစ်တွေမှ မရှိတာ.............၊
ညီမလေးရေ..........
လွယ်လွယ်အမြင့်ရောက်သွားတဲ့
ဆပ်ပြာပူဖောင်းတွေရဲ့တန်ဘိုးထက်
ကိုယ်ပိုင်တောင်ပံနဲ့ မီးထဲတိုးဝင်သွားတဲ့
ပိုးဖလံတွေရဲ့ ရှုံးနိမ့်မှုကပိုပြီးတော့
အဓိပ္ပာယ်ရှိကြောင်းကို
ဆပ်ပြာပူဖောင်းကုန်သယ်တွေကို
ရှင်းမပြသင့်ဘူး..........၊
ညီမလေးရေ...........
ကမ္ဘာမှာ ပန်းတချို့ပွင့်ဖို့
စွမ်းသလောက် တာဝန်ကျေတဲ့
လိပ်ပြာလေးတွေဆိုတာ....
နုံချာချာကာလတွေကိုပေပြီး
ရင်ဆိုင်ခဲ့ကြတဲ့ မထင်မရှား
ခူယားကောင်လေးတွေပါ...........။
နက်ရှိုင်း(နန်းဇလိန်)
Friday, August 12, 2011
အမှတ်တရ
ခဏလေးပဲဖြစ်ဖြစ်
နူးညံ့တဲ့ မင်နှလုံးသားရဲ့
ယုယတဲ့ ကြင်နာမှုတွေကို
တစ်သက်တာအဖြစ်
သိမ်းဆည်းထားရအောင်
အမှတ်တရအဖြစ်ပေးခဲ့ပါ.....၊
မင်းပေးတဲ့ အမှတ်တရကို
ဘ၀ရဲ့ မျှော်လင့်ခြင်းအဖြစ်
အသိအမှတ်ပြုလို့ မင်းကို
အမြဲစောင့်နေချင်တယ်
ဘယ်အချိန်ထိဖြစ်ဖြစ်ပေါ့.....။
နက်ရှိုင်း(နန်းဇလိန်)
နူးညံ့တဲ့ မင်နှလုံးသားရဲ့
ယုယတဲ့ ကြင်နာမှုတွေကို
တစ်သက်တာအဖြစ်
သိမ်းဆည်းထားရအောင်
အမှတ်တရအဖြစ်ပေးခဲ့ပါ.....၊
မင်းပေးတဲ့ အမှတ်တရကို
ဘ၀ရဲ့ မျှော်လင့်ခြင်းအဖြစ်
အသိအမှတ်ပြုလို့ မင်းကို
အမြဲစောင့်နေချင်တယ်
ဘယ်အချိန်ထိဖြစ်ဖြစ်ပေါ့.....။
နက်ရှိုင်း(နန်းဇလိန်)
အိုမိခင်
ယိုယွင်းခန္ဓာ
အိုမင်းပါလည်း
ကြင်နာငဲ့မှု
ရင်တွင်းစုလျှက်
နုပျိုဆဲပင်
အိုမိခင်............။
နက်ရှိုင်း(နန်းဇလိန်)
အိုမင်းပါလည်း
ကြင်နာငဲ့မှု
ရင်တွင်းစုလျှက်
နုပျိုဆဲပင်
အိုမိခင်............။
နက်ရှိုင်း(နန်းဇလိန်)
Tuesday, August 9, 2011
မက်ခွင့်
သတိရတယ် ဆိုတဲ့စကားကို
အကြိမ်ကြိမ်ငါညဉ်းဆိုနေမိပေမယ့်
ဘယ်သူမှမကြားမသိနိုင်တဲ့
ငါ့အခန်းငယ်လေးထဲမှာ
တိတ်ဆိတ်ခြင်းက လူကိုပိုပြီးတော့
အထီးကျန်စေခဲ့ပြီ.....၊
လွမ်းဆွတ်တမ်းတခြင်းတွေက
ငါ့နှလုံးသားကို အကြိမ်ကြိမ်ထုချေနေလေတော့
ဝေဒနာဒဏ်ရာဒဏ်ချက်တွေကိုသာ ငါထွေးပိုက်၇င်း
အိပ်ပျက်ခဲ့ရတဲ့ညပေါင်းမနည်းခဲ့ဘူးဆိုတာ
ဘယ်သူသိမှာလဲ......
တိတ်ဆိတ်ခြင်းက အတိတ်ရဲ့ပုံရိပ်ဟောင်းတွေကို
သယ်ဆောင်လာခဲ့လေတော့......၊
တုန်လှုပ်ချောက်ချား စရာကောင်းလောက်အောင်
တိတ်ဆိတ်လွန်းတဲ့ပတ်ဝန်းကျင်နှင့်
သတိရ လွမ်းဆွတ် တမ်းတခြင်း ဝေဒနာ တွေနှင့်ပြည့်နက်နေတဲ့
အခန်းငယ်လေးထဲက အထီးကျန်လူသား
ဘယ်ညာလူးလိမ့်လို့ ဟေမာန်ညချမ်းရဲ့လွန်ကဲတဲ့အအေးဒဏ်ကို
တွန်လှန်ဖို့ကြိုးစားရင်း............
ဒီတစ်ညလည်း မင်းကိုအိပ်မက်မက်ခွင့်
ငါဆုံးရှုံးခဲ့ရပြန်ပြီ................
တကယ်ဆိုရင်ငါဟာ...
မင်းကိုအိပ်မက်မက်ခွင့်ရရုံနှင့် ကျေနပ်ရသူပါ။
နက်ရှိုင်း(နန်ဇလိန်)
အကြိမ်ကြိမ်ငါညဉ်းဆိုနေမိပေမယ့်
ဘယ်သူမှမကြားမသိနိုင်တဲ့
ငါ့အခန်းငယ်လေးထဲမှာ
တိတ်ဆိတ်ခြင်းက လူကိုပိုပြီးတော့
အထီးကျန်စေခဲ့ပြီ.....၊
လွမ်းဆွတ်တမ်းတခြင်းတွေက
ငါ့နှလုံးသားကို အကြိမ်ကြိမ်ထုချေနေလေတော့
ဝေဒနာဒဏ်ရာဒဏ်ချက်တွေကိုသာ ငါထွေးပိုက်၇င်း
အိပ်ပျက်ခဲ့ရတဲ့ညပေါင်းမနည်းခဲ့ဘူးဆိုတာ
ဘယ်သူသိမှာလဲ......
တိတ်ဆိတ်ခြင်းက အတိတ်ရဲ့ပုံရိပ်ဟောင်းတွေကို
သယ်ဆောင်လာခဲ့လေတော့......၊
တုန်လှုပ်ချောက်ချား စရာကောင်းလောက်အောင်
တိတ်ဆိတ်လွန်းတဲ့ပတ်ဝန်းကျင်နှင့်
သတိရ လွမ်းဆွတ် တမ်းတခြင်း ဝေဒနာ တွေနှင့်ပြည့်နက်နေတဲ့
အခန်းငယ်လေးထဲက အထီးကျန်လူသား
ဘယ်ညာလူးလိမ့်လို့ ဟေမာန်ညချမ်းရဲ့လွန်ကဲတဲ့အအေးဒဏ်ကို
တွန်လှန်ဖို့ကြိုးစားရင်း............
ဒီတစ်ညလည်း မင်းကိုအိပ်မက်မက်ခွင့်
ငါဆုံးရှုံးခဲ့ရပြန်ပြီ................
တကယ်ဆိုရင်ငါဟာ...
မင်းကိုအိပ်မက်မက်ခွင့်ရရုံနှင့် ကျေနပ်ရသူပါ။
နက်ရှိုင်း(နန်ဇလိန်)
Subscribe to:
Posts (Atom)