တမိနစ်
ရမက်အမှောင် ညှိ့အားဟာ
ဝီစကီ တပက်လိုပဲ
ရီဝေစွာနဲ စွဲမက်စေတယ်
လေလေးတချက် ဝေ့လိုက်တိုင်း
အဟောင်းရဲ့ အတိတ်ပုံရိပ်တွေကိုပဲ
တမ်းတစေတယ်.....
အချိန်လေး တမိနစ်လောက်ကိုသာ
ထိန်းထားခဲ့မယ်ဆိုရင်
ပြောင်းလဲသွားမဲ့ အရာတွေ
ကျန်ကောင်းကျန်နိုင်တယ်
ညီမရယ်......
ညှိ့အားပြင်းတဲ့ မင်းအကြည့်
စွဲဆောင်မှုရှိတဲ့အလှ
မာယာများတဲ့ အပြုအမူတွေကြောင့်
အနမ်းများစွာ ပါးပြင်မှာကျန်ခဲ့ပြီ....
ညီမရယ်...i want kiss u nyimalay......
007
Friday, November 25, 2011
Monday, November 21, 2011
ပဲ့ကိုင်ရှင်
ခြေက်သွေ့လွန်းတဲ့
ကိုယ့်နှလုံးသားထဲ့ကို
မင်းက တကြိမ်တခါသာ တိုက်ခတ်ခဲ့
ကိုယ့်နှလုံးသားမှာ
အကြိမ်ကြိမ်အခါခါ
ရပ်တန့်ဖို့ရန် ခက်ခဲ
မင်းမှတပါး
ထိန်းညှိနိုင်စွမ်း ရှိမယ်မထင်
သတိတချက် ရမယ်ဆိုရင်
ပဲ့ကိုင်ရှင်မလေးရယ်
ပိုင်ရှင်မဲ့တဲ့ ငါ့နှလုံးသားရဲ့
လှုတ်ခတ်မှု့လေးတွေကို
ထိန်းညှိပေးလှည့်ပါ.....
၀၀၇
ခြေက်သွေ့လွန်းတဲ့
ကိုယ့်နှလုံးသားထဲ့ကို
မင်းက တကြိမ်တခါသာ တိုက်ခတ်ခဲ့
ကိုယ့်နှလုံးသားမှာ
အကြိမ်ကြိမ်အခါခါ
ရပ်တန့်ဖို့ရန် ခက်ခဲ
မင်းမှတပါး
ထိန်းညှိနိုင်စွမ်း ရှိမယ်မထင်
သတိတချက် ရမယ်ဆိုရင်
ပဲ့ကိုင်ရှင်မလေးရယ်
ပိုင်ရှင်မဲ့တဲ့ ငါ့နှလုံးသားရဲ့
လှုတ်ခတ်မှု့လေးတွေကို
ထိန်းညှိပေးလှည့်ပါ.....
၀၀၇
မိုးစက်ကြားက ရင်ခုန်သံ
မိုးရွာတဲ့နေ့တနေ့ပေါ့
မိုးတိမ်တွေက ကမ္ဘာမြေကြီးကို
အငြိုးကြီးကြီးနဲ့ စိုးမိုးထားတဲ့အချိန်
အမှောင်ထု ဖုံးလွမ်းနေတဲ့
ပတ်ဝန်းကျင်တခုရဲ့ ရောင်စုံမီးအောက်က
ရင်ကိုအေးချမ်းစေတဲ့ သူမရဲ့
အပြုံးဝင့်တချက်က ငါ့နှလုံးသားကို
ထိန်းညှိမရအောင် လှုပ်ခတ်စေခဲ့ပြီ......
ညင်သာစွာလှမ်းလာတဲ့ သူမရဲ့ခြေလှမ်းတိုင်းကို
ငါရေတွက်နေမိသည့်တိုင် သူမဆီကလွင့်ပျံ့လာတဲ့
ရနံ့သင်းသင်းလေးတွေက ငါ့နှလုံးသားကို
ရီဝေယစ်မူးစေခဲ့ပြီ.....
ဆုံတွေ့ချိန်က ခဏလေးဆိုပေမယ့်
ငါ့ရင်ထဲမှာ ရှင်သန်ဆဲ မင့်ရဲ့ပုံရိပ်တွေ
ငါ့နှလုံးသားက ရီဝေစွာနဲ့ တပ်မက်နေဆဲ
မင်းရဲ့ရနံ့တွေ အတိတ်ဆိုတာ
ပြန်မရနိုင်တော့မှန်းသိပေမယ့် ငါတမ်းတနေမိတယ်
အလည်လွန်နေတဲ့ ငါ့အတွေးတွေကို လိုက်ဖမ်းတိုင်းလည်း
သူမဆီမှာမိခဲ့တယ် တကယ်ပါသူမကို
ရိုးသားစွာနဲ့ ငါချစ်မိနေခဲ့ပြီ......
၀၀၇
မိုးရွာတဲ့နေ့တနေ့ပေါ့
မိုးတိမ်တွေက ကမ္ဘာမြေကြီးကို
အငြိုးကြီးကြီးနဲ့ စိုးမိုးထားတဲ့အချိန်
အမှောင်ထု ဖုံးလွမ်းနေတဲ့
ပတ်ဝန်းကျင်တခုရဲ့ ရောင်စုံမီးအောက်က
ရင်ကိုအေးချမ်းစေတဲ့ သူမရဲ့
အပြုံးဝင့်တချက်က ငါ့နှလုံးသားကို
ထိန်းညှိမရအောင် လှုပ်ခတ်စေခဲ့ပြီ......
ညင်သာစွာလှမ်းလာတဲ့ သူမရဲ့ခြေလှမ်းတိုင်းကို
ငါရေတွက်နေမိသည့်တိုင် သူမဆီကလွင့်ပျံ့လာတဲ့
ရနံ့သင်းသင်းလေးတွေက ငါ့နှလုံးသားကို
ရီဝေယစ်မူးစေခဲ့ပြီ.....
ဆုံတွေ့ချိန်က ခဏလေးဆိုပေမယ့်
ငါ့ရင်ထဲမှာ ရှင်သန်ဆဲ မင့်ရဲ့ပုံရိပ်တွေ
ငါ့နှလုံးသားက ရီဝေစွာနဲ့ တပ်မက်နေဆဲ
မင်းရဲ့ရနံ့တွေ အတိတ်ဆိုတာ
ပြန်မရနိုင်တော့မှန်းသိပေမယ့် ငါတမ်းတနေမိတယ်
အလည်လွန်နေတဲ့ ငါ့အတွေးတွေကို လိုက်ဖမ်းတိုင်းလည်း
သူမဆီမှာမိခဲ့တယ် တကယ်ပါသူမကို
ရိုးသားစွာနဲ့ ငါချစ်မိနေခဲ့ပြီ......
၀၀၇
Subscribe to:
Posts (Atom)