တမိနစ်
ရမက်အမှောင် ညှိ့အားဟာ
ဝီစကီ တပက်လိုပဲ
ရီဝေစွာနဲ စွဲမက်စေတယ်
လေလေးတချက် ဝေ့လိုက်တိုင်း
အဟောင်းရဲ့ အတိတ်ပုံရိပ်တွေကိုပဲ
တမ်းတစေတယ်.....
အချိန်လေး တမိနစ်လောက်ကိုသာ
ထိန်းထားခဲ့မယ်ဆိုရင်
ပြောင်းလဲသွားမဲ့ အရာတွေ
ကျန်ကောင်းကျန်နိုင်တယ်
ညီမရယ်......
ညှိ့အားပြင်းတဲ့ မင်းအကြည့်
စွဲဆောင်မှုရှိတဲ့အလှ
မာယာများတဲ့ အပြုအမူတွေကြောင့်
အနမ်းများစွာ ပါးပြင်မှာကျန်ခဲ့ပြီ....
ညီမရယ်...i want kiss u nyimalay......
007
နက်ရှိုင်း မှကြိုဆိုပါတယ်.
ကဗျာချစ်သူ သူငယ်ချင်းများ...နားခိုရာ ကဗျာတိုက်ငယ်လေးပါ.....
Friday, November 25, 2011
Monday, November 21, 2011
ပဲ့ကိုင်ရှင်
ခြေက်သွေ့လွန်းတဲ့
ကိုယ့်နှလုံးသားထဲ့ကို
မင်းက တကြိမ်တခါသာ တိုက်ခတ်ခဲ့
ကိုယ့်နှလုံးသားမှာ
အကြိမ်ကြိမ်အခါခါ
ရပ်တန့်ဖို့ရန် ခက်ခဲ
မင်းမှတပါး
ထိန်းညှိနိုင်စွမ်း ရှိမယ်မထင်
သတိတချက် ရမယ်ဆိုရင်
ပဲ့ကိုင်ရှင်မလေးရယ်
ပိုင်ရှင်မဲ့တဲ့ ငါ့နှလုံးသားရဲ့
လှုတ်ခတ်မှု့လေးတွေကို
ထိန်းညှိပေးလှည့်ပါ.....
၀၀၇
ခြေက်သွေ့လွန်းတဲ့
ကိုယ့်နှလုံးသားထဲ့ကို
မင်းက တကြိမ်တခါသာ တိုက်ခတ်ခဲ့
ကိုယ့်နှလုံးသားမှာ
အကြိမ်ကြိမ်အခါခါ
ရပ်တန့်ဖို့ရန် ခက်ခဲ
မင်းမှတပါး
ထိန်းညှိနိုင်စွမ်း ရှိမယ်မထင်
သတိတချက် ရမယ်ဆိုရင်
ပဲ့ကိုင်ရှင်မလေးရယ်
ပိုင်ရှင်မဲ့တဲ့ ငါ့နှလုံးသားရဲ့
လှုတ်ခတ်မှု့လေးတွေကို
ထိန်းညှိပေးလှည့်ပါ.....
၀၀၇
မိုးစက်ကြားက ရင်ခုန်သံ
မိုးရွာတဲ့နေ့တနေ့ပေါ့
မိုးတိမ်တွေက ကမ္ဘာမြေကြီးကို
အငြိုးကြီးကြီးနဲ့ စိုးမိုးထားတဲ့အချိန်
အမှောင်ထု ဖုံးလွမ်းနေတဲ့
ပတ်ဝန်းကျင်တခုရဲ့ ရောင်စုံမီးအောက်က
ရင်ကိုအေးချမ်းစေတဲ့ သူမရဲ့
အပြုံးဝင့်တချက်က ငါ့နှလုံးသားကို
ထိန်းညှိမရအောင် လှုပ်ခတ်စေခဲ့ပြီ......
ညင်သာစွာလှမ်းလာတဲ့ သူမရဲ့ခြေလှမ်းတိုင်းကို
ငါရေတွက်နေမိသည့်တိုင် သူမဆီကလွင့်ပျံ့လာတဲ့
ရနံ့သင်းသင်းလေးတွေက ငါ့နှလုံးသားကို
ရီဝေယစ်မူးစေခဲ့ပြီ.....
ဆုံတွေ့ချိန်က ခဏလေးဆိုပေမယ့်
ငါ့ရင်ထဲမှာ ရှင်သန်ဆဲ မင့်ရဲ့ပုံရိပ်တွေ
ငါ့နှလုံးသားက ရီဝေစွာနဲ့ တပ်မက်နေဆဲ
မင်းရဲ့ရနံ့တွေ အတိတ်ဆိုတာ
ပြန်မရနိုင်တော့မှန်းသိပေမယ့် ငါတမ်းတနေမိတယ်
အလည်လွန်နေတဲ့ ငါ့အတွေးတွေကို လိုက်ဖမ်းတိုင်းလည်း
သူမဆီမှာမိခဲ့တယ် တကယ်ပါသူမကို
ရိုးသားစွာနဲ့ ငါချစ်မိနေခဲ့ပြီ......
၀၀၇
မိုးရွာတဲ့နေ့တနေ့ပေါ့
မိုးတိမ်တွေက ကမ္ဘာမြေကြီးကို
အငြိုးကြီးကြီးနဲ့ စိုးမိုးထားတဲ့အချိန်
အမှောင်ထု ဖုံးလွမ်းနေတဲ့
ပတ်ဝန်းကျင်တခုရဲ့ ရောင်စုံမီးအောက်က
ရင်ကိုအေးချမ်းစေတဲ့ သူမရဲ့
အပြုံးဝင့်တချက်က ငါ့နှလုံးသားကို
ထိန်းညှိမရအောင် လှုပ်ခတ်စေခဲ့ပြီ......
ညင်သာစွာလှမ်းလာတဲ့ သူမရဲ့ခြေလှမ်းတိုင်းကို
ငါရေတွက်နေမိသည့်တိုင် သူမဆီကလွင့်ပျံ့လာတဲ့
ရနံ့သင်းသင်းလေးတွေက ငါ့နှလုံးသားကို
ရီဝေယစ်မူးစေခဲ့ပြီ.....
ဆုံတွေ့ချိန်က ခဏလေးဆိုပေမယ့်
ငါ့ရင်ထဲမှာ ရှင်သန်ဆဲ မင့်ရဲ့ပုံရိပ်တွေ
ငါ့နှလုံးသားက ရီဝေစွာနဲ့ တပ်မက်နေဆဲ
မင်းရဲ့ရနံ့တွေ အတိတ်ဆိုတာ
ပြန်မရနိုင်တော့မှန်းသိပေမယ့် ငါတမ်းတနေမိတယ်
အလည်လွန်နေတဲ့ ငါ့အတွေးတွေကို လိုက်ဖမ်းတိုင်းလည်း
သူမဆီမှာမိခဲ့တယ် တကယ်ပါသူမကို
ရိုးသားစွာနဲ့ ငါချစ်မိနေခဲ့ပြီ......
၀၀၇
Saturday, October 15, 2011
ဥပေက္ခာပြုခံနှလုံးသား
အရာရာတိုင်းက စက္ကန့်နဲ့အမျှပြောင်းလဲနေပေမယ့်
အေးစက်ဆဲ ငါတို့ရဲ့ရင်ခုန်သံတွေက
နှလုံးသားကို နာကျင်ခံစားစေခဲ့ပြီ....
လောကရဲ့အနွေးထွေးဆုံးသောအချစ်ဆိုတာကလည်း
ငါ့အတွက်တော့အေးစက်ဆဲ
ခါးသက်သက်နဲ့မျိုသိပ်နေရတာ
စနစ်တကျတီထွင်ဖန်တီးယူလို့မရတဲ့
ဒီအချစ်ဆိုတဲ့စိတ်ခံစားမှုတွေကို
မျိုသိပ်ရင်းနဲ့မျှော်လင့်နေရတာက
တှုန်လူပ်ချောက်ချားစရာ အိပ်မက်ဆိုးတွေကြားထဲ
ရှင်သန်နေရသလို စိုးရွံ့စိတ်နဲ့
အမြဲလိုပဲသိမ်ငယ်နေရတယ်
နေ့ရက်တွေသာလည်နေပေမယ့်
အခန်းကျဉ်းရဲ့အမှောင်တွေထဲမှာ
နောက်ဆုံးငါ့အတ္တနဲ့ငါသာကျန်နေခဲ့ပြီ......။
နက်ရှိုင်း(နန်းဇလိန်)
အေးစက်ဆဲ ငါတို့ရဲ့ရင်ခုန်သံတွေက
နှလုံးသားကို နာကျင်ခံစားစေခဲ့ပြီ....
လောကရဲ့အနွေးထွေးဆုံးသောအချစ်ဆိုတာကလည်း
ငါ့အတွက်တော့အေးစက်ဆဲ
ခါးသက်သက်နဲ့မျိုသိပ်နေရတာ
စနစ်တကျတီထွင်ဖန်တီးယူလို့မရတဲ့
ဒီအချစ်ဆိုတဲ့စိတ်ခံစားမှုတွေကို
မျိုသိပ်ရင်းနဲ့မျှော်လင့်နေရတာက
တှုန်လူပ်ချောက်ချားစရာ အိပ်မက်ဆိုးတွေကြားထဲ
ရှင်သန်နေရသလို စိုးရွံ့စိတ်နဲ့
အမြဲလိုပဲသိမ်ငယ်နေရတယ်
နေ့ရက်တွေသာလည်နေပေမယ့်
အခန်းကျဉ်းရဲ့အမှောင်တွေထဲမှာ
နောက်ဆုံးငါ့အတ္တနဲ့ငါသာကျန်နေခဲ့ပြီ......။
နက်ရှိုင်း(နန်းဇလိန်)
Saturday, October 1, 2011
တန်ဘိုးမဲ့ချစ်ခြင်းတစ်ခုရဲ့ ရှိုက်သံ
စောင့်မျှော်ရတာ မောပန်းပေမယ့်
ငါစောင့်နေခဲ့ပါတယ်.............
မသေချာမရေရာတဲ့
မျှော်လင့်ချက်တစ်ခုအတွက်ပေါ့
နှလုံးသားရဲ့အတိမ်အနက် ခံစားချက်တွေက
ငါ့အတွက်တော့ အိပ်မက်တစ်ခုမဟုတ်ခဲ့သလို
စိတ်ကူးယဉ်သက်သက်လည်း မဟုတ်ခဲ့ဘူး
ငါတမ်းတမက်မောခဲ့တဲ့အရာတွေနဲ့
ငါ့နှလုံးသားရဲ့ လိုအပ်ချက်တွေကို
ဘယ်သူမှနားလည် မပေးနိုင်ခဲ့တော့
ငါ့ရင်ထဲကချစ်ခြင်းမေတ္တာတွေမှာ
လေးနက်မှုရှိမရှိ ဘယ်သူသိမှာလဲ
ပျော်ရွှင်ခြင်းတွေက
တိမ်တိုက်တွေလိုပဲလွင့်ပါးသွားကြတော့
မနက်ဖြန်ဆိုတဲ့အချိန်ကလည်း
ငါတို့ကသူစိမ်းတွေလိုပါပဲ,
အသိစိတ်ကထိန်းချုပ်နေပေမယ့်
မသိစိတ်ကသတိရနေလေတော့
အပြင်ဘက်ကနေမမြင်ရတဲ့
ခံစားချက်တွေရဲ့ နာကျင်မှုကို
ဘယ်သူသိနိုင်မှာလဲ.......
မျှော်လင့်ချက်တွေကလည်း တဖြည်းဖြည်းနဲ့
လုံးပါးပါးသွားခဲ့ပြီ..........။
နက်ရှိုင်း(နန်းဇလိန်)
ငါစောင့်နေခဲ့ပါတယ်.............
မသေချာမရေရာတဲ့
မျှော်လင့်ချက်တစ်ခုအတွက်ပေါ့
နှလုံးသားရဲ့အတိမ်အနက် ခံစားချက်တွေက
ငါ့အတွက်တော့ အိပ်မက်တစ်ခုမဟုတ်ခဲ့သလို
စိတ်ကူးယဉ်သက်သက်လည်း မဟုတ်ခဲ့ဘူး
ငါတမ်းတမက်မောခဲ့တဲ့အရာတွေနဲ့
ငါ့နှလုံးသားရဲ့ လိုအပ်ချက်တွေကို
ဘယ်သူမှနားလည် မပေးနိုင်ခဲ့တော့
ငါ့ရင်ထဲကချစ်ခြင်းမေတ္တာတွေမှာ
လေးနက်မှုရှိမရှိ ဘယ်သူသိမှာလဲ
ပျော်ရွှင်ခြင်းတွေက
တိမ်တိုက်တွေလိုပဲလွင့်ပါးသွားကြတော့
မနက်ဖြန်ဆိုတဲ့အချိန်ကလည်း
ငါတို့ကသူစိမ်းတွေလိုပါပဲ,
အသိစိတ်ကထိန်းချုပ်နေပေမယ့်
မသိစိတ်ကသတိရနေလေတော့
အပြင်ဘက်ကနေမမြင်ရတဲ့
ခံစားချက်တွေရဲ့ နာကျင်မှုကို
ဘယ်သူသိနိုင်မှာလဲ.......
မျှော်လင့်ချက်တွေကလည်း တဖြည်းဖြည်းနဲ့
လုံးပါးပါးသွားခဲ့ပြီ..........။
နက်ရှိုင်း(နန်းဇလိန်)
ဒသနလေးတွေပါ....
၁.သွားနေရင်ရောက်မှာဖြစ်သလို သွားချင်တဲ့စိတ်ကိုက တ၀က်ရောက်နှင့်နေပီ။
၂. ယောင်္ကျားတွေက မိန်းမတွေထက် ဘာသာရေးခွဲခြားတပ်တယ်။
၃.မျှော်လင့်ချက်မရှိပဲ အလုပ်လုပ်နေတဲ့ဘ၀ဟာ ဘာမတန်ဘိုးမရှိဘူး။
၎.ပန်းတိုင်မရောက်သရွေ့တော့ သွားနေရမှာပဲ တခုအရေးကြီးတာက လမ်းခုလပ်မှာမရပ်ဖို့ပဲ။
၅.သူဌေးဖြစ်ချင်တဲ့စိတ်ကိုက သူဌေးဖြစ်ဖို့ တ၀က်သေချာနေပီ။
၆.ဘယ်လောက်ကောင်းတဲ့ ပစ္စည်းဖြစ်ဖြစ် ကိုယ့်အတွက်အသုံးဝင်မ တန်ဘိုးရှိတယ်။
၂. ယောင်္ကျားတွေက မိန်းမတွေထက် ဘာသာရေးခွဲခြားတပ်တယ်။
၃.မျှော်လင့်ချက်မရှိပဲ အလုပ်လုပ်နေတဲ့ဘ၀ဟာ ဘာမတန်ဘိုးမရှိဘူး။
၎.ပန်းတိုင်မရောက်သရွေ့တော့ သွားနေရမှာပဲ တခုအရေးကြီးတာက လမ်းခုလပ်မှာမရပ်ဖို့ပဲ။
၅.သူဌေးဖြစ်ချင်တဲ့စိတ်ကိုက သူဌေးဖြစ်ဖို့ တ၀က်သေချာနေပီ။
၆.ဘယ်လောက်ကောင်းတဲ့ ပစ္စည်းဖြစ်ဖြစ် ကိုယ့်အတွက်အသုံးဝင်မ တန်ဘိုးရှိတယ်။
Tuesday, August 30, 2011
ပြန်တွေးကြည့်ပေးပါ
အကြင်နာကိုမြတ်နိုးသူ တစ်ယောက်အနေနှင့်
ပြန်တွေးကြည့်ပေးပါ.......
ရင်ထဲပြည့်နက်နေတဲ့အချစ်တွေနဲ့
မြတ်နိုးရတဲ့ မင်းရဲ့အပြုံးတွေကို
တမ်းတမက်မောခဲ့တဲ့ နှလုံးသားတစ်ခုရဲ့
ဆန္ဒတွေကိုမင်း တွေ့ရှိပါလိမ့်မယ်..........၊
နူးညံ့သိမ်မွေ့တဲ့နှလုံးသားထဲက
စာနာတတ်သူတစ်ယောက်အနေနှင့်
ပြန်တွေးကြည့်ပေးပါ..........
မဟူရာညရဲ့ အိပ်မက်ဆိုးတွေထဲက
ရုန်းမထွက်နိုင်ခဲ့သူတစ်ယောက်က
နတ်ပန်းချီရှုံးမယ့် မင်းရဲ့အပြုံးတွေကို
အာရုံထဲမှာအဖော်ပြု ရှင်သန်နေတယ်ဆိုတာ
မင်းမြင်တွေ့နိုင်ပါလိမ့်မယ်..........၊
နောက်ဆုံးအနေနဲ့ဖြစ်ဖြစ် တစ်ချက်လောက်တော့
နှလုံးသားနှင့် ပြန်တွေးကြည့်ပေးပါ..........
အရှုံးများစွာကို ရရှိပိုင်ဆိုင်ထားတဲ့
နာကျင်ကြေကွဲ နှလုံးသားရဲ့
အနက်ရှိုင်းဆုံး တစ်နေရာမှာ
ဘ၀တစ်ခုလုံးပုံပြီးတော့ မင်းကိုချစ်တဲ့အချစ်တွေ
ရှင်သန်နေဆဲဆိုတာကို မင်းတွေ့ရှိသွားခဲ့ရင်...
အချစ်ဆိုတာ ဘ၀ရဲ့အစိတ်အပိုင်းတစ်ခုဆိုပေမယ့်
ရှင်သန်ခြင်းရဲ့မျှော်လင့်ချက် ဘ၀နဲ့ထပ်တူ
မရှိမဖြစ်လိုအပ်တဲ့ နှလုံးသားရဲ့အတောင့်တဆုံးသော
လိုအင်ဆန္ဒဆိုတာ မင်းနားလည်လက်ခံနိုင်မှာပါ..........။
နက်ရှိုင်း(နန်ဇလိန်)၊၃၁.၈.၁၁၊နံနက်၅း၅၀။
ပြန်တွေးကြည့်ပေးပါ.......
ရင်ထဲပြည့်နက်နေတဲ့အချစ်တွေနဲ့
မြတ်နိုးရတဲ့ မင်းရဲ့အပြုံးတွေကို
တမ်းတမက်မောခဲ့တဲ့ နှလုံးသားတစ်ခုရဲ့
ဆန္ဒတွေကိုမင်း တွေ့ရှိပါလိမ့်မယ်..........၊
နူးညံ့သိမ်မွေ့တဲ့နှလုံးသားထဲက
စာနာတတ်သူတစ်ယောက်အနေနှင့်
ပြန်တွေးကြည့်ပေးပါ..........
မဟူရာညရဲ့ အိပ်မက်ဆိုးတွေထဲက
ရုန်းမထွက်နိုင်ခဲ့သူတစ်ယောက်က
နတ်ပန်းချီရှုံးမယ့် မင်းရဲ့အပြုံးတွေကို
အာရုံထဲမှာအဖော်ပြု ရှင်သန်နေတယ်ဆိုတာ
မင်းမြင်တွေ့နိုင်ပါလိမ့်မယ်..........၊
နောက်ဆုံးအနေနဲ့ဖြစ်ဖြစ် တစ်ချက်လောက်တော့
နှလုံးသားနှင့် ပြန်တွေးကြည့်ပေးပါ..........
အရှုံးများစွာကို ရရှိပိုင်ဆိုင်ထားတဲ့
နာကျင်ကြေကွဲ နှလုံးသားရဲ့
အနက်ရှိုင်းဆုံး တစ်နေရာမှာ
ဘ၀တစ်ခုလုံးပုံပြီးတော့ မင်းကိုချစ်တဲ့အချစ်တွေ
ရှင်သန်နေဆဲဆိုတာကို မင်းတွေ့ရှိသွားခဲ့ရင်...
အချစ်ဆိုတာ ဘ၀ရဲ့အစိတ်အပိုင်းတစ်ခုဆိုပေမယ့်
ရှင်သန်ခြင်းရဲ့မျှော်လင့်ချက် ဘ၀နဲ့ထပ်တူ
မရှိမဖြစ်လိုအပ်တဲ့ နှလုံးသားရဲ့အတောင့်တဆုံးသော
လိုအင်ဆန္ဒဆိုတာ မင်းနားလည်လက်ခံနိုင်မှာပါ..........။
နက်ရှိုင်း(နန်ဇလိန်)၊၃၁.၈.၁၁၊နံနက်၅း၅၀။
Subscribe to:
Posts (Atom)