စောင့်မျှော်ရတာ မောပန်းပေမယ့်
ငါစောင့်နေခဲ့ပါတယ်.............
မသေချာမရေရာတဲ့
မျှော်လင့်ချက်တစ်ခုအတွက်ပေါ့
နှလုံးသားရဲ့အတိမ်အနက် ခံစားချက်တွေက
ငါ့အတွက်တော့ အိပ်မက်တစ်ခုမဟုတ်ခဲ့သလို
စိတ်ကူးယဉ်သက်သက်လည်း မဟုတ်ခဲ့ဘူး
ငါတမ်းတမက်မောခဲ့တဲ့အရာတွေနဲ့
ငါ့နှလုံးသားရဲ့ လိုအပ်ချက်တွေကို
ဘယ်သူမှနားလည် မပေးနိုင်ခဲ့တော့
ငါ့ရင်ထဲကချစ်ခြင်းမေတ္တာတွေမှာ
လေးနက်မှုရှိမရှိ ဘယ်သူသိမှာလဲ
ပျော်ရွှင်ခြင်းတွေက
တိမ်တိုက်တွေလိုပဲလွင့်ပါးသွားကြတော့
မနက်ဖြန်ဆိုတဲ့အချိန်ကလည်း
ငါတို့ကသူစိမ်းတွေလိုပါပဲ,
အသိစိတ်ကထိန်းချုပ်နေပေမယ့်
မသိစိတ်ကသတိရနေလေတော့
အပြင်ဘက်ကနေမမြင်ရတဲ့
ခံစားချက်တွေရဲ့ နာကျင်မှုကို
ဘယ်သူသိနိုင်မှာလဲ.......
မျှော်လင့်ချက်တွေကလည်း တဖြည်းဖြည်းနဲ့
လုံးပါးပါးသွားခဲ့ပြီ..........။
နက်ရှိုင်း(နန်းဇလိန်)
No comments:
Post a Comment