အရာရာတိုင်းက စက္ကန့်နဲ့အမျှပြောင်းလဲနေပေမယ့်
အေးစက်ဆဲ ငါတို့ရဲ့ရင်ခုန်သံတွေက
နှလုံးသားကို နာကျင်ခံစားစေခဲ့ပြီ....
လောကရဲ့အနွေးထွေးဆုံးသောအချစ်ဆိုတာကလည်း
ငါ့အတွက်တော့အေးစက်ဆဲ
ခါးသက်သက်နဲ့မျိုသိပ်နေရတာ
စနစ်တကျတီထွင်ဖန်တီးယူလို့မရတဲ့
ဒီအချစ်ဆိုတဲ့စိတ်ခံစားမှုတွေကို
မျိုသိပ်ရင်းနဲ့မျှော်လင့်နေရတာက
တှုန်လူပ်ချောက်ချားစရာ အိပ်မက်ဆိုးတွေကြားထဲ
ရှင်သန်နေရသလို စိုးရွံ့စိတ်နဲ့
အမြဲလိုပဲသိမ်ငယ်နေရတယ်
နေ့ရက်တွေသာလည်နေပေမယ့်
အခန်းကျဉ်းရဲ့အမှောင်တွေထဲမှာ
နောက်ဆုံးငါ့အတ္တနဲ့ငါသာကျန်နေခဲ့ပြီ......။
နက်ရှိုင်း(နန်းဇလိန်)
No comments:
Post a Comment