Monday, August 22, 2011

"မိန်းမမြတ်"

ချစ်ခြင်းမေတ္တာ   ရင်ဝယ်ပြည့်လို့
ကရုဏာစိတ်ထား   ဖြူစင်ခြင်းနှင့်
စာနာသနား   ကြင်နာခြင်းတို့
မြစ်ဖျားခံရာ   လူ့ပြည်လူ့ရွာ
လူ့သမိုင်းမှာ   ကမ္ဗည်းတွင်သည့်
မြတ်သောစိတ်ထား   မေတ္တာရှင်သည်
အားအင်နွဲ့နှောင်း   ကာယခွန်အား
ချို့တည့်သော်ငှါး   မကြောက်မရွံ့
မစိုးမရိမ်   မညည်းတွားပဲ
ရင်ဆိုင်ကျော်လွှား   လောကဓံတရား.....
စောင့်ထိန်းသီလ   မဖောက်မပြား
ကျစ်လစ်ဆင်ခြင်   နေထိုင်ခြင်းက
မြတ်သောစိတ်ထား သိမ်မွေ့ခြင်းနှင့်
မြတ်သောသစ္စာ   တည်မြဲခြင်းတို့
ပြီးပြည့်စုံကြောင်း ဖော်ကျူးလေ၏.....၊
ဘယ်အရာမျှ   တုနှိုင်းမမှီ
ချစ်သား(သ္မီး)တို့၏   ချစ်မေတ္တာရှင်
မွေးမိခင်အား   မိန်းမမြတ်ဟု
မခေါ်ဆိုလျှင်   လူ့ပြည်လူ့ရွှာ
လူ့လောကတွင်   အဘယ်သူသည်
ပုဂ္ဂိုလ်မြတ်ဟု ခေါ်ဆိုအံ့နည်း..........။

                                                        နက်ရှိုင်း(နန်ဇလိန်)၂၃၊၈၊၁၁၊နံနက်၎း၃၀

No comments:

Post a Comment