စွဲလမ်းခြင်းတွေက တစ်စတစ်စကြီးမားလာသည့်တိုင်
ပိုင်ရှင်မဲ့ခံစားချက်တွေက မသေချာမရေရာတဲ့
အရာတစ်ခုကို တမ်းတမျှော်လင့်ရင်း
မှုန်ဝါးဝါးအနာဂတ်ဆီကို ဒဏ်ရာတွေများစွာကို
ငါထမ်းပိုးရင်း ငါလျှောက်လှမ်းလာခဲ့ပြီ..........၊
တစ်ချိန်က တန်ဘိုးထားရကောင်းမှန်းငါမသိခဲ့တဲ့
ချစ်ခြင်းမေတ္တာတွေကို ဒီအချိန်မှာ
ငါတမ်းတစွာ ပြန်လိုချင်ခဲ့ပေမယ့်
ဘ၀ရဲ့ကန့်သတ်ချက်တွေကြား စည်းခြားမထားသည့်တိုင်
ရရှိပိုင်ဆိုင်ဖို့ ခက်ခဲနေလေတော့
ဟိုး...အဝေးမိုးမြင့်ဆီက ငွေလမင်းကိုငေးကြည့်ရင်း
ငါ့ကိုငါ နာကြည်းမုန်းတီးနေမိတယ်..........၊
တန်ပြန်သက်ရောက်မှုမရှိတဲ့ ခံစားချက်တွေက
ဘာသာမဲ့ရူးသွပ်ခြင်းတွေနဲ့ အက်စစ်ဝိုင်ပျစ်ပျစ်လို
ငါ့နှလုံးသားကို တဖြည်းဖြည်းခြင်းတိုက်စားနေလေတော့
နာကျင်စွာငါခံစားရင်း အတိတ်ရဲ့ပုံရိပ်တွေကို
မေ့ဖျောက်ပစ်ဖို့ ငါကြိုးစားခဲ့ပေမယ့်
အတိတ်ရဲ့လောင်းရိပ်အောက်က ယနေ့ထက်ထိ
ရုန်းမထွက်နိုင်ခဲ့ဘူး.........တကယ်ဆိုရင်
ငါ့အတွက်တော့ အချစ်ဆိုတာ
ခါးသက်သက်နေ့ရက်တွေကြားက စိတ်ကူးချိုချို
အတွေးပုံရိပ်တစ်ခုလိုပါပဲ ပိုင်ဆိုင်ခွင့်ဆိုတာလည်း
မှုန်ဝါးဝါးနဲ့မသေချာမရေရာတဲ့ မျှော်လင့်ချက်တစ်ခုလိုပဲပေါ့..........။
နက်ရှိုင်း(နန်းဇလိန်)
No comments:
Post a Comment