Thursday, August 18, 2011

ချိုသောချစ်ခြင်းဒဏ်ရာ

လူတွေအားလုံးရူးသွပ်လို့နေတယ်
ဒါဟာ အချစ်ကြောင့်လို့ဆိုပေမယ့်
အနာဂါတ်တွေကိုခဏမေ့ထားပြီး
အချစ်အကြောင်းကိုတွေးလို့
စိတ်ကြည်နူးနေကြတာလည်း
ဘ၀ရဲ့အနှစ်သာရတစ်ခုလို့ဆိုရမှာပါ၊

ရှုံးနိမ့်ခြင်းတွေကို ငါငြီးငွေ့လွန်းပြီ
အဖော်မဲ့တဲ့ဘ၀ရဲ့ ခါးသက်သက်
နေ့ရက်တွေကိုလည်း ငါနာကြဉ်းလွန်းပြီ
လိုအပ်တဲ့အချစ်တစ်ခု တကယ်ငါတောင့်တနေမိတယ်
ရာဇ၀င်တွင်မယ့် အချစ်တစ်ခုမဟုတ်တောင်မှ
ထပ်တူညီတဲ့ တန်ပြန်သက်ရောက်မှုတွေနဲ့
တည်မြဲတဲ့ အချစ်တစ်ခုပေါ့၊

အဖော်မဲ့တဲ့ အလွမ်းနေ့ရက်တွေ
အဆုံးမသတ်နိုင်သေးတဲ့ဘ၀မှာ
ငါ မျှော်လင့်ရင်း အသက်ဆက်ရှင်သန်နေမယ်

ကံကြမ္မာရယ် နာကျင်စရာ ဒဏ်ရာဒဏ်ချက်
သိပ်များလွန်းတဲ့ ငါ့ဘ၀မှာ
နောက်ထပ်အလွမ်းတွေ မပေးပါနဲ့တော့
အချစ်မရှိတော့လို့ ပျော်စရာအချိန်တွေ
ပျောက်ဆုံးသွားရင်လည်း ဟိုအရင်
အတူပျော်ရွှင်ဖူးတဲ့နေ့ရက်တွဆီ
ကြည်နူးစွာ ကိုယ်ပြန်တွေးရင်း..........
ဖန်ဆင်းလို့မရသလို ဖျက်ဆီးလို့လည်းမရတဲ့
အချစ်တွေကို ခုံမင်တပ်မက်စွာ ငါထွေးပိုက်ရင်း.........
ချိုသောချစ်ခြင်းဒဏ်ရာတွေနဲ့
တိမ်တိုက်များကိုကြည့်ရင်း...အချစ်ကြောင်းကိုတွေးနေမယ်၊

အချစ်နဲ့အတွေ့ ဘ၀တစ်ကွေ့မှာ
ဒူးထောက်အရှုံးတွေနဲ့ကြုံရသူအဖို့
အချစ်ဆိုတာ ပုံပြင်လေးတစ်ပုဒ်လိုပဲ
မှောင်ရီညဥ့်ရဲ့ နိုးတစ်ဝက်အိပ်မက်မှာ
ချိုလွင်တဲ့ အချစ်ဆုံးရဲ့ ရီသံတိုးတိုးကိုကိုယ်ကြားနေရပေမယ့်
ဟိုး...အဝေးက ငွေကြယ်ပွင့်လို
တစ်သက်လုံးဝေး အချစ်များစွားကို
နာကျင်စွာ ပြန်တွေးရင်း
ငါ့မှာ တစ်ယောက်တည်း
အဖော်မဲ့မိုးကောင်ကင်အောက်မှာ
ချိုသောချစ်ခြင်းဒဏ်ရာတွေနဲ့ပေါ့...........။

                                                                  နက်ရှိုင်း(နန်ဇလိန်)၄.၈.၁၁၊၄း၄၄နံနက်

No comments:

Post a Comment