Friday, August 12, 2011

အမှတ်တရ

ခဏလေးပဲဖြစ်ဖြစ်
နူးညံ့တဲ့ မင်နှလုံးသားရဲ့
ယုယတဲ့ ကြင်နာမှုတွေကို
တစ်သက်တာအဖြစ်
သိမ်းဆည်းထားရအောင်
အမှတ်တရအဖြစ်ပေးခဲ့ပါ.....၊

မင်းပေးတဲ့ အမှတ်တရကို
ဘ၀ရဲ့ မျှော်လင့်ခြင်းအဖြစ်
အသိအမှတ်ပြုလို့ မင်းကို
အမြဲစောင့်နေချင်တယ်
ဘယ်အချိန်ထိဖြစ်ဖြစ်ပေါ့.....။
                                             နက်ရှိုင်း(နန်းဇလိန်)

No comments:

Post a Comment