Tuesday, August 9, 2011

မက်ခွင့်

သတိရတယ် ဆိုတဲ့စကားကို
အကြိမ်ကြိမ်ငါညဉ်းဆိုနေမိပေမယ့်
ဘယ်သူမှမကြားမသိနိုင်တဲ့
ငါ့အခန်းငယ်လေးထဲမှာ
တိတ်ဆိတ်ခြင်းက လူကိုပိုပြီးတော့
အထီးကျန်စေခဲ့ပြီ.....၊

လွမ်းဆွတ်တမ်းတခြင်းတွေက
ငါ့နှလုံးသားကို အကြိမ်ကြိမ်ထုချေနေလေတော့
ဝေဒနာဒဏ်ရာဒဏ်ချက်တွေကိုသာ ငါထွေးပိုက်၇င်း
အိပ်ပျက်ခဲ့ရတဲ့ညပေါင်းမနည်းခဲ့ဘူးဆိုတာ
ဘယ်သူသိမှာလဲ......
တိတ်ဆိတ်ခြင်းက အတိတ်ရဲ့ပုံရိပ်ဟောင်းတွေကို
သယ်ဆောင်လာခဲ့လေတော့......၊

တုန်လှုပ်ချောက်ချား စရာကောင်းလောက်အောင်
တိတ်ဆိတ်လွန်းတဲ့ပတ်ဝန်းကျင်နှင့်
သတိရ လွမ်းဆွတ် တမ်းတခြင်း ဝေဒနာ တွေနှင့်ပြည့်နက်နေတဲ့
အခန်းငယ်လေးထဲက အထီးကျန်လူသား
ဘယ်ညာလူးလိမ့်လို့ ဟေမာန်ညချမ်းရဲ့လွန်ကဲတဲ့အအေးဒဏ်ကို
တွန်လှန်ဖို့ကြိုးစားရင်း............
ဒီတစ်ညလည်း မင်းကိုအိပ်မက်မက်ခွင့်
ငါဆုံးရှုံးခဲ့ရပြန်ပြီ................
တကယ်ဆိုရင်ငါဟာ...
မင်းကိုအိပ်မက်မက်ခွင့်ရရုံနှင့် ကျေနပ်ရသူပါ။
                                                                                နက်ရှိုင်း(နန်ဇလိန်)

No comments:

Post a Comment